Latest Movie :

Talvar (2015) မြန်မာစာတန်းထိုး



မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသမီးလေး နှင့် အစေခံအလုပ်သမား စုစုပေါင်း  မိသားစုလေးဦး သာယာချမ်းမြေ့သောမိသားစုရိပ်မြုံလေး တစ်ခုသောမနက်ခင်းလေး နိုးထချိန်မှာတော့ အရာအားလုံးဟာကမ္ဘာပျက်သလိုဖြစ်ခဲ့သည် တစ်ဦးတည်းသော သမီးလေးဟာ ရက်ရက်စက်စက်လည်ပင်းလှီးကာ အသတ်ခံခဲ့ရခြင်းဖြစ်သည် တဆက်ထဲမှာပင် အစေခံအလုပ်သမားပျောက်နေသောကြောင့်လူသတ်သမားဟုယူဆကာ လိုက်လံရှာဖွေရသဖြင့်အိန္ဒိယရဲတွေအလုပ်ရှုတ်ကုန်သည် သို့သော် လူသတ်သမားဟုယူဆထားသူ အစေခံအလုပ်သမားမှာ အပေါ်ထပ်အခန်းထဲတွင်လည်လှီးခံရပြီးသေနေသည်ကိုထပ်မံတွေ့ရသဖြင့် ရဲတွေ ဦးဏှောက်ခြောက်ကုန်သည် ရဲတွေ၏စစ်ဆေးချက် တရားခံပေါ်ထွက်လာရာ ၀န်ကြီးဌာနမှ ကျေနပ်မှုမရှိသဖြင့် စီဒီအိုင်ဌာနရော အမှုအတွက်ပါဝင်လာရသည် စီဒီအိုင်ပထမလွှတ်သောအဖွဲ့၏ ရလဒ်မှာလည်း သက်သေမလုံလောက်ဟုဆိုက ဒုတိယအဖွဲ့ထပ်မံလွှတ်ပြန်သည် လူသတ်မှုတစ်ခုကိုအဖွဲ့၃ဖွဲ့တောင်စုံစမ်းခဲ့ရပြီဆိုကထဲက သို့လော သို့လော ဒွိဟပွားစရာတွေနဲ့ ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတာ မှန်းလို့ရလောက် ပါပြီ ဒီကားထဲကမင်းသားကြီးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ ဒီဇာတ်ကားကိုကြည့်ခြင်းဖြင့် ကိုယ်တိုင်စုံထောက်တစ်ယောက်လိုခံစားရမှာဖြစ်ပါတယ် အသေးအဖွဲလေးဟုသဘောထားသည့် ကိစ္စများ ကပင် အပြစ်မဲ့လူတစ်ချို့ကိုဒုက္ခရောက်သွားစေနိုင်ကြောင်းလည်းတွေ့မြင်ရမှာဖြစ်ပါတယ် ယခုဇတ်ကားသည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပျက်ခဲ့သောလူသတ်မှုအားအခြေခံကာ ရိုက်ကူးထားသောဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါသည် ကဲပရိတ်သတ်ကြီးရေ ဇာတ်ကားရဲ့အလှည့်အပြောင်းတွေ ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာတော့........ (ဘာသာပြန်နဲ့အညွှန်းကတော့ ကိုဖြိုးပြည့် ဖြစ်ပါတယ်)

File size...(1GB)
Quality...BR-Rip 720p
Format...mp4
Duration....02:30:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Phyo Pyae
Encoder....Aung Pyay


Download & Watch 720p HD

Download & Watch 360p Small File
Share this article :

Post a Comment

 
Support : Channel Myanmar | Google .
Copyright © 2011. [ BYBD Movies Sharing ] - All Rights Reserved
Template Created by Googling. Published by Kiđđõ Mõñštêř
Proudly powered by Blogger